ကျွန်တော့်ဘလော့ရဲ့ ညာဖက်ဘေးမှာ လုပ်ထားတဲ့ Slider လေးမှာ သုံးထားတဲ့ code တွေကို မျှဝေပေးလိုက်ပါတယ်ဗျာ
ပထမဆုံး Layout ကနေ Add a Gadget ကို ဖွင့်ပါတယ်
အဲဒီထဲကမှ HTML/Java Scripts ကို ရွေးလိုက်ပါတယ်
Title နေရာမှာတော့ ကြိုက်တာထည့်ပေါ့ (ကျွန်တော်ကတော့ Update Posts လို့ ထည့်ထားပါတယ်)
ပြီးရင် အောက်က Contents အကွက်ထဲမှာ အောက်က ကုဒ်တွေကို ထည့်ပေးလိုက်ပါတယ်
အဲဒီထဲမှာ "ဒီနေရာမှာ ကိုယ့်ဘလော့လိပ်စာ/" လို့ ရေးထားတဲ့နေရာမှာ ကိုယ့်ဘလော့ရဲ့ URL ပေါ့ .. ဥပမာ ကျွန်တော့်ဘလော့အတွက်ဆိုရင် "http://itmotesoeway.blogspot.com/" လို့ ထည့်လိုက်တာပေါ့ ..(" နဲ့ /" တွေ ကျန်ခဲ့တတ်ပါတယ်)
အဲဒီထဲမှာ boxwidth=230 ဆိုတာက ကိုယ့်ရဲ့ နေရာအကျယ်အ၀န်းနဲ့ ကိုက်ညီအောင် ချိန်ညှိရမယ့် slider ရဲ့ အကျယ်ပါ View Blog မှာ သွားကြည့် အဆင်မပြေသေးရင် ပြန်ပြင်ပေါ့ ..
အဲဒီလိုပဲ thumbwidth = 50 တို့ thumbheight = 50 တို့ ဆိုတာက ကိုယ့်ရဲ့ Link Title ရဲ့ရှေ့က ပုံလေးရဲ့ အကျယ်နဲ့ အမြင့်ပေါ့ .. ကျန်တာတွေလည်း Value တွေကို လိုသလို လိုက်ပြောင်းလို့ရပါတယ် ..
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Amazing! Its in fact amazing paragraph, I have got much clear idea on
ReplyDeletethe topic of from this post.
Have a look at my weblog ... Agatha K. Yang