ဒီပေါ်ကလို marquee လေးဖြစ်သွားအောင်ကလည်း ဘာမှ အသစ်အဆန်းမပါသေးပါဘူး
အရင်ဆုံး သူ့ကိုသေချာကြည့်ပြီး စဉ်းစားကြည့်ရအောင် (ကုဒ်ရေးပြလိုက်ရင်ရပေမယ့် နောင် ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးကို ဖန်တီးကြည့်နိုင်အောင် နည်းနည်း လေကြောရှည်နေတာပါ .. )
စာတမ်းလေးရဲ့လှုပ်ရှားနေပုံကို သေချာသုံးသပ်ကြည့်ပါ .. ကျွန်တော်တို့မျက်လုံးထဲမှာတော့ မြင်းတစ်ကောင်ပြေးနေသလိုပါပဲ ..
သူ့ရဲ့ပြေးနေဟန်ကို အစိပ်စိပ်ခွဲကြည့်ရင်ဒီလိုရပါတယ်
- ပထမ အမြင့်ကိုသွားတယ် (အမြင့်ကြီးမဟုတ်လို့ height ကို ကန့်သတ်တန်ဘိုး ပေးထားတယ်
- ပြီးတော့ ပြန်ကျလာတယ် (တက်ပြီးပြန်ကျလာအောင် behavior ကို alternate ပေးရမယ်)
- တက်ပြီး ပြန်ကျလာတာက နေရာမှန်မဟုတ်ပဲ ရှေ့ကိုရွေ့နေတဲ့အတွက် နောက်ထပ် ရှေ့ကိုသွားတဲ့ marquee တစ်ခု ထပ်ပေါင်းထားရမယ် သူကလည်း အနောက်ကိုပြန်လာရမှာမို့ alternate ပေးရမယ်
- ခုန်ပေါက်နေတာကို သွက်လက်ဆက်စပ်နေဖို့က scrollamount ကို ကန့်သတ်ပေးရမယ်
1 နဲ့ 2 အတွက် <marquee direction="up" behavior="alternate" scrollamount="10"
height="20">
နောက်ထပ် 3 နဲ့ 4 အတွက်က <marquee behavior="alternate" scrollamount="10">
အဲဒီလို ရလာမယ် အဲ .. marquee နှစ်ခုပေါင်းသုံးလိုက်တာမို့ အပတ်နေရာမှာ </marquee> နှစ်ခု ရှိနေရမယ့် နောက်ပြီး စာမျက်နှာရဲ့ အလယ်မှာပေါ်နေအောင် <center> နဲ့ </center> ကို ရှေ့နောက် ပိတ်ပေးလိုက်မယ် .. ကုဒ်အားလုံး ပေါင်းရေးလိုက်တော့ ဒီလိုဖြစ်သွားမယ် (စာလုံးအရောင် အပြာအတွက် <font color="blue"> ... </font> သုံးလိုက်တယ်)
<marquee behavior="alternate" direction="up" height="30" scrollamount="10"><marquee behavior="alternate" scrollamount="10"><font color="blue">ကဲ ... ဆက်လိုက်ကြစို့</font></marquee></marquee></center>
ဒါကိုလည်း အဲဒီလိုသုံးသပ်ကြည့်ပါ
သိပ်မရှည်တော့ပါဘူး .. ဒီထဲမှာ စာတမ်းဟာ အကန့်အသတ်မရှိသွားနေတဲ့အတွက် ဧရိယာ ကန့်သတ်ချက်မပေးထားပါဘူး .. အပေါ်ကိုတက်ဖို့ direction ကို သုံးတယ် ပြန်ကျလာဖို့အတွက် alternate ကိုသုံးတယ် ရှေ့ကိုလည်း အပြန်အလှန် သွားမှာဖြစ်လို့ နောက်ထပ် alternate ပါတဲ့ marquee တစ်ခု ထပ်ပေါင်းသုံးတယ် .. ရေးလိုက်တဲ့ကုဒ်တွေက ဒီလိုဖြစ်သွားတယ်
<marquee direction="up" behavior="alternate"><marquee behavior="alternate"><font color="red">ဒါကိုလည်း အဲဒီလိုသုံးသပ်ကြည့်ပါ</font></marquee></marquee>
ဒါပါပဲ .. တော်တော်လေး လွယ်တာကို သတိထားမိလောက်ပါတယ်
ကဲ .. ကျွန်တော်တို့ လောလောဆည် လေ့လာထားပြီးသား Marquee Technique တွေကို ပြန်ပြီး စုစည်းပေးလိုက်ပါတယ် .. (font color ပြောင်းတာကတော့ Marquee မှာ ပေါင်းစပ်သုံးတာမို့ သီးခြား မဖော်ပြတော့ပါဘူး..
ဒီလိုလေး | |
ဒီလိုလေး | |
ဒီလိုလေး | |
ဒီလိုလေး | |
ဒီလိုလေး | |
ဒီလိုလေး | |
ဒီလိုလေး |
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး ကကကကကကကကကကကကကကကကကကကကကကကက
0 ကွန်မန့်ပေးနိုင်ပါသည်:
Post a Comment