သူငယ်ချင်းတို့ Blogsite ကနေပိုစ့်တွေကို Copy ကူးလို့မရအောင် Right Click ကို Disable
လုပ်ထားမယ်ဆိုရင်တော့ အလွယ်ဆုံးနည်းလေးတစ်ခုကိုပြောပြချင်ပါတယ်။
ဒါပေမယ့်ကိုသိထားတဲ့ နည်းပညာတွေကိုအများကိုမျှဝေတယ်ဆိုရင်တော့ မလုပ်စေချင်ပါဘူး။
လုပ်မယ်ဆိုရင်လည်းလွယ်ကူတဲ့နည်းလမ်းလေးပေါ့နော်ပြောပြပါ့မယ့်။
ပထမဆုံးမိမိဘလော့စ်ရဲ့ Template ကနေ Edit Html ကိုနှိပ်ပြီး <body> ဆိုတဲ့
tag ထဲမှာပဲ oncontextmenu="return false;" ကိုထည့်ပေးလိုက်ရုံပါပဲ။
မရှင်းမှာစိုးလို့အောက်မှာ ပြထားပါတယ်။
<body oncontextmenu="return false;"> အိုခေ ဒီလောက်ဆိုရင်သူငယ်ချင်းတို့
သဘောပေါက်လောက်မှာပါ။ ပြီးရင်တော့ Save လုပ်ဖို့မမေ့နဲ့အုန်းနော်။
♪♪ကြော်ငြာလေးတွေ ကလစ်ခဲ့ခြင်းဖြင့် ကူညီနိုင်ပါသည်အားပေးမှုကို ကျေးဇူးတင်ပါသည် နောင်ရိုး♪♪
0 ကွန်မန့်ပေးနိုင်ပါသည်:
Post a Comment