Jun 11, 2013

Dနေ့တော့ GSM modem နဲ့ ကွန်ပြူတာချိတ်ဆက်ပြီး အင်တာနက် အသုံးပြုပုံလေးကို အသေးစိတ်ရှင်းပြပေးပါမယ်။ မီးသီး လဲဖုန်းကအင်တာနက်ကို ကွန်ပြူတာမှာသုံးမလို့ဆိုပြီး မော်ဒန်းဝယ်ထားတာ  Setting ၀င်ပုံမသိတော့ ဒီတိုင်းလေးပဲအလှကြည့်နေရတယ်။ မနေ့ကမှ ကွန်ပြူတာဆိုင်သွားပြီး Setting ပြောင်းခိုင်း တော့မှပဲ သုံးလို့ရတော့တယ်။ ဒါပင်မဲ့ ဆိုင်ဆိုတဲ့ အတွက် အလကားတော့မရပါဘူး..နှစ်ထောင်ပေးလိုက်ရတယ်။ ကိုယ့်မသိတဲ့ဟာဆိုတော့လည်းပေးရတာတန်ပါတယ်။ အခုတော့လုပ်တက်သွားပါပြီ ကိုယ့်တက်တဲ့ဟာဆိုတော့လည်း ကိုယ့်ဘော်တာတွေကို တက်စေချင်လို့ပြန်လည်မျှဝေလိုက်ပါတယ်..သိပြီးသားသူတွေအတွက်ကတော့ ဘာမဟုတ်တဲ့ပညာလေးဆိုပင်မဲ့ မသိသေးတဲ့သူတွေအတွက်ကတော့ ရွှေပါပဲ..လေ့လာလိုက်ပါအုံး...

ပထမဆုံး မော်ဒန်းကို USB ပေါက်မှာထိုးလိုက်ပါ။ ခဏနေရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။ပြီးရင် Next ကိုနှိပ်ပါ



ပြီးရင် အောက်ကလိုမျိုး Installing လုပ်နေပါလိမ့်မယ်..ဘာမှမလုပ်ပဲထိုင်ကြည့်နေပါ


Installing ပြီးသွားရင်တော့ သင့် Desktop မှာအောက်ကလိုမျိုး icon လေးပေါ်နေပါမယ်..အဲ့ဒါလေးကိုdouble click ပေးလိုက်ပါ


ဒါဆိုရင်သင့်ကွန်ပြူတာမှာ ဒီဖုန်းကိုသုံးလို့ရပါပြီ ဖုန်းခေါ်တာတို့ မက်ဆေ့ပိုတာတို့ပေါ့..အင်းတာနက်တော့ မရသေးပါဘူး.


setting သင်ဖို့အတွက် စမ်းသက်တဲ့အနေနဲ့ connect ဆိုတာလေးကိုနှိပ်ကြည့်ပါ..connection error ဆိုရင်တော့ ကြိမ်းသေပေါက် setting ၀င်ရပါတော့မယ်။



အရေးကြီးတဲ့ လုပ်ငန်းစဉ်စပြီနော်...ပုံကအတိုင်း setting ဆိုတာကိုနှိပ်ပါ


profiles ကိုနှိပ်ပါ


new ကိုနှိပ်ပါ..


ပြီးရင်တော့ new profile မှာ ဖြည့်သင့်တာလေးတွေ ဖြည့်ကြပါဆို..



အောက်မှာပြထားတဲ့အတိုင်း နံပတ်(၁) နေရာမှာ MPTNET ဆိုတာကို စာလုံးအကြီးနဲ့ ရိုက်ပါ
                                           (၂) နေရာမှာ mptnet ကို အသေးနဲ့ပဲရိုက်ပါ (ကြားက phone number ကို ကိုဘာမှမပြောင်းပါနဲ့)
                                           (၃)နေရာမှာတော့ ကိုယ့်ကြိုက်တဲ့ password ပေးလို့ရပါတယ်..ဒါပင်မဲ့ mptnetလို့ဖြည့်တာပိုကောင်းပါတယ်..အဲ့တိုင်းပဲဖြည့်ပါ..
                                            (၄) မှာလဲ mptnet ပါပဲ..
                                            (၅)မှာတော့ CHAP ကိုရွေးပါ
                                            (၆) Dafault ကိုအမှန်ခြစ်ပါ
ပြီးရင်တော့ ok ပေါ့..


ဆေ့နှိပ်ပါ...ပြီးရင်ပိတ်လိုက်ပါ..ဒါဆိုရင်သုံးလိုရပါပြီ...အပေါ်မှာလုပ်ခဲ့သလိုမျိုး connect လုပ်ကြည့်ပါ connection error ဆိုပြီးပေါ်လာပါလိမ့်မယ်..မကြောက်ပါနဲ့ မီးသီးတို့လုပ်တာဘာမှမမှားပါဘူး..စက်ကို restart ချလိုက်ပါ ပြန်တက်လာရင်အဲ့လိုမျိုးမပေါ်တော့ကြောင်း အာမခံပါတယ်....ဒါဆိုရင်တော့ connect ကိုနှိပ်ပြီး သင့်ဖုန်းကကွန်နက်ရှင်ကို ကွန်ပြူတာမှာသုံးလို့ရပါပြီ...လွယ်တယ်မဟုတ်လား..လွယ်ပါတယ်..ဒါပင်မဲ့ နှစ်ထောင်တန်တယ်နော်..ေိေိ..

                          အိုင်တီမီးသီး

Related Posts:

  • WinX HD Video Converter Deluxe 5.0.3.181 For All Win 38.61 MB   Video Converter တွေထဲမှာတော့ ဒီကောင်လေးက တော်တော်ကောင်းပါတယ် WinX HD Video Converter နောက်ဆုံးထွက်ဗားရှင်းလေးပါ  သူတော့ ကိုယ်လိုချင်တဲ့ ဗီဒီယိုဖိုင်တွေကို အကြည်လေးနဲ့ဖြစ်အောင်  ပြောင်းလဲပေးမယ်ဆောစ… Read More
  • CyberLink PowerProducer Ultra v6.0.2406 For All Win 542.13 MB ဗီဒီယို ဓတ်ပုံတွေကို တည်းဖြတ် ရုပ်ရှင်ဖန်တီး စသည့်ဖြင့် အသုံးပြုလို့ရတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပါတယ်  အသုံးလိုတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေအောင် Template ပါတင်ပေးထားပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် … Read More
  • Ashampoo Burning Studio 2014 12.0.5.20 + Key (Lasted Full Version) 94Mb !!! Ashampoo Burning ကိုတော့လူတိုင်းသိကြမှာပါ။ဖိုင်ထဲမှာ Key ထည့်ပေးထားပါတယ်။2014 ရဲ့ဒီဇိုင်း သစ်တွေအများကြီးပါဝင်လာပါတယ်။Nero ထက်တောင်ပိုစုံတာတွေ့ရပါတယ်။disc copy, modified copy နှင့်  Create/browse disc images (ASHDIS… Read More
  • ကွန်ပျူတာနှေးနေရင် မြန်ဆန်သွက်လက်အောင် ရှင်းလင်းပေးမယ့် CCleaner 2014 Full Version    အပြည့်အ၀ သုံးလို့ ရတာမို့  ပြန်တင်ပေးလိုက်ပါ Registered Version မလို့  Free မဟုတ်တော့ပဲ Advanced Setting ကို ၀င်သုံးလို့ ရပါလိမ့်မယ် ။ စက်ကို သန့် ရှင်းဖို့  Registery ကို ရှင်းဖို့  အဆင်ပြေတယ် စက် လေးသူမ… Read More
  • Opera 19.0.1326.40 Final For Pc(31 MB) Opera Browser အသုံးပြူသူများအတွက် Update လေးတင်ပေးလိုက်ပါတယ် သူက mozilla fire fox ထက်ပိုမြန်ဆန်ပါတယ်။ ဝင်းဒိုး၈မှာလည်းသုံးရပါတယ် လိုအပ်သူများအောက်ကလိပ်စာမှာရယူနိုင်ပါတယ်။။  မြန်မာစာအဆင်မပြေဘူးဆိုရင်အောက်မှာ မြန်မာစ… Read More

0 ကွန်မန့်ပေးနိုင်ပါသည်:

Post a Comment

Sample Text









Blog Archive

Blogger Tricks

မင်းကိုအရမ်းချစ်နေမယ်

Contact Form

Name

Email *

Message *

Advertisement

a

Category 6

a

Sample Link List

a

Blog Roll

a

Blog Archive

Followers

ဗုဒ္ဓဘုရားရှင်အားဦးထိပ်လျှက်...





ဤဘလော့သည်အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်၏ အေးမြသောမေတ္တာရိပ်အောက်တွင်တည်ရှိပါသည်။

Popular Posts

Recent Posts




moetharlinlatt7@gmail.com သို့ဆက်သွယ်နိုင်ပါတယ်

Text Widget