Jun 19, 2013

အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ

ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ

တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ

အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့

ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်

မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး

တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ

ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ

ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ




1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်







2 -  Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ

Jun 18, 2013


Korea ဘာသာလေ့လာနေသူများအတွက် Finder Korea-Myanmar Dictionary v2.0 တင်ပေးလိုက်ပါတယ်.. ကိုးရီးယား စာပေကနေ မြန်မာစာပေဘာသာကို ဘာသာပြန် ဖေါ်ပြပေးပါတယ်.. ကိုးရီးယားစာပေကို လေ့လာနေသူများ၊ UFL ကျောင်းသား(ကိုးရီးယား) များ၊ ကိုးရီးယားကို ကြိုက်လွန်းလို့ စာပေကို လိုက်စားနေသူများ အဆင်ပြေပါတယ်..

အဆင်ပြေပါစေ..


မောင်ပေါက်
ကိုယ်စက်ထဲမှာ antivirus ဆောင်ထားပါလျှက်နဲ့ ဗိုင်းရပ်ဒုက္ခပေးနေသေးရင် 
Multi Virus Cleaner ကိုသာ အသုံးပြုလိုက်ပါ စက်ထဲက ဗိုင်းရပ်တွေ ကတ်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေ
ခွေးပြေးဝက်ပြေး ပြေးရမှာမှာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ 
ကွန်နက်ရှင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ ပြီးတော့ 
ဝင်းဒိုး 8 မှာလည်း အသုံးပြုနိုင်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
မိမိရဲ့ကွန်ပျူတာဟာ အင်တာနက်လည်းချိတ်ထားတယ်.ဒါပေမယ့် Browser တွေသုံးရလာလေးနေတယ်..
တစ်ခါတစ်ရံ Hang ဖြစ်တယ်..ဒီလိုဘဲ ကွန်ပျူတာ ဟာလည်းလေးနေတယ်..စိတ်သွားတိုင်း ကွန်ပျူတာက
မလိုက်နိုင်ဘူးဆိုသူများအတွက် အင်တာနက် ချိတ်ဆက်မှုစနစ်ကိုအခြေခံထားတဲ့ Cleaner Software လေး
ဖြစ်ပါတယ်.အင်တာနက်စနစ်အခြေခံထားတဲ့အတွက် System Cleaning များကို အခြား Software များထက်
ပိုမိုလေးနက်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်.ကဲ..ပြောနေကြာတယ်..ဒေါင်းပြီးသုံးကြည့်ပါ..အကြိုက်တွေ့
သွားစေရပါ့မယ်ခင်မျ.. :-)




 အောက်မှာကုဒ်ယူပြီး  Add  aGatget > HTML >မှာ save လိုက်ရင်okပြီနော်
 အောက်မှာပြင်ဦးနော်  http://aungsanmks.blogspot.com နေရာမှာမီမီဆိုက် URL ထည့်နော်
Plant Forum မှရေးသားသည့် Wireless (သို့ ) Wifi အကြောင်းသိကောင်းစရာ မြန်မာလိုစာအုပ်လေးဖြစ်ပါ
တယ်..လေ့လာလိုသူများအတွက် တင်ပေးလိုက်ပါပြီ

Download==> Link 1 / Link 2
http://www.mmithelper.com
 မင်္ဂလာပါ... သည်နည်းလေးကတော့ သိသူအတော်လေးများတယ်ဗျ.. သိသူတွေတော့ ကျော်သွားလိုက်ကြပါနော်....မသိသေးတဲ့... ညီမလေး တစ်ယောက်
စသုံးခါစမို့  မသိလို့ပါတဲ့  သည်လို နည်းလေးကို ပို့စ်ရေးတင်ပေးပါဆိုလို့  တောင်းဆိုလာတဲ့အတွက်ပါ။
ဒါကတော့  facebook ပေါ်မှာ ရှိတဲ့ ကိုယ့်သူငယ်ချင်းတွေကို  ဘယ်လောက်  ဘယ်၍  ဆိုတဲ့ စာရင်းတွေ
ကို သူများတွေ မသိစေ မမြင်စေခြင်တဲ့  နည်းလေးပါ...ကဲ  ပုံလေးတွေနဲ့ ရှင်းပြလိုက်တယ်နော်...
ဦးစွာ  မိမိတို့  ဖွဘုတ် ကိုဝင်ပါ... 

 အဲမှာ သူငယ်ချင်း  friend 2,200  ဆိုပြီး အရေတွက်နဲ့ပြထားတယ်လေ.. အဲတာလေးကလစ်လိုက်ပါ။
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။


မျိုးဆက်(Mr.Photo) ရေးတဲ့ စာအုပ်လေးပါခင်မျာ... Photo Shop လေ့လာလိုက်စားနေသူများအ
တွက် တင်ပေးလိုက်ပါတယ် :-) ကြိုက်ရင် ပြန် Share ပေးပါခင်မျာ။

 

ပညာရှင်တစ်ယောက်ကတော့ Google Drive မှာ နည်းပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုစုစည်းပြီး တင်ပေးထားပါတယ်ဗျာ။ ပညာရှင်နာမည်ကတော့ အမည်မဖော်ထားတော့ ဘယ်သူဘယ်ဝါမှန်း Credit မပေးနိုင်တာကို နားလည်စေချင်ပါတယ်ဗျာ။


ဆရာခိုင်မောင်ရေးသားတဲ့ Graphic Designer များအတွက် Photoshop Special Effects စာအုပ်လေးဖြစ်ပါ
တယ်ခင်မျာ...နည်းနည်းကြာပြီဆိုပေမယ့် Photoshop သမားများအတွက် အလွန်အသုံးဝင်မယ့်စာအုပ်လေး
လည်းဖြစ်ပါတယ်ခင်မျာ...လိုအပ်သူများ Download ရယူနိုင်ပါပြီ

Image and video hosting by TinyPic

Jun 14, 2013

                       မိမိရဲ့ Site မှာ ရိုးရိုး Mouse  နေရာမှာအလန်းလေးတွေပြောင်းမယ်ထားမယ်

အဆင့် (1) - Design ကိုသွားပါ။
အဆင့် (2)- Ctrl + F ကိုနှိပ်ပြီး </head> ကိုရှာပါ။
အဆင့်(3) - တွေ့ပြီဆိုရင် အောက်က လိုချင်တဲ့ Cursor ရဲ့ Code ကိုကူးပြီး </head> ရဲ့ အပေါ်မှာ
                 ထည့်ပေးပါ။
အဆင့်(4) -  ပြီးသွားပြီဆိုရင် Preview နဲ့အရင်ကြည့်ပါ။ အဆင်ပြေပြီဆိုမှ  Save နှိပ်ပေးပါ။


အောက်မှာကုဒ်တွေကြိုက်တာယူနော်

Jun 13, 2013

အသစ်ထွက်ရှိလာတဲ့ iOS 7 Beta version ဟာ developer များ စမ်းသပ် အသုံးပြုနိုင်ရန် သီသန့် ထုတ်ပေးထားတဲ့ version ဖြစ်ပြီး တစ်ကယ့် version ကတော့ မထွက်လာသေးပါဘူး။

Apple ရဲ့  ဖော်ပြချက်များထဲမှာ iOS 7 Beta version ကို Update လုပ်ပြီးသည့်နောက် သူထက်စောတဲ့ version များကို ပြန်လည် Restore မလုပ်နိုင်ဘူးလို့  ဖော်ပြထားခဲ့ပေမယ့် အဲဒီ အချက်ဟာ မှာယွင်းနေတယ်လို့  ပြောနိုင်ပါတယ်။

iOS 7 Beta version ကို update လုပ်ကြည့်ပြီးတဲ့နောက် iOS 6.1.3 (သို့ ) iOS 6.1.4 ကို လွယ်ကူစွာ ပြန်လည်၍ downgrade ဆင်းနိုင်ကြောင်း သိရပါတယ်။

iOS 7 Beta ကို စမ်းသပ်သုံးကြည့်ပြီးတဲ့နောက်မှာ အကြောင်းကြောင်းကြောင့် ပြန်ဆင်းချင်ကြတဲ့ မိတ်ဆွေများအတွက်...


** Downgrade iOS 7 Beta --> iOS 6.1.4 / iOS 6.1.3 **

>> Download iOS 6.1.4 / 6.1.3

လုပ်ငန်းစဉ်

အဆင့် ၁)
iOS 7 Beta တင်ထားပြီးသား iDevice ကို iTunes နှင့် ချိပ်ဆက်ပါ။

အဆင့် ၂)
iTunes မှ iDevice ကို ရွေးချယ်ပြီး (Shift) သို့  (Option) Key ကို တွဲနှိပ်လျှက် "Restore" button ကို နှိပ်ပါ။

အဆင့် ၃)
အထက်တွင် download ရယူခဲ့သော iOS 6.1.4 (သို့ ) iOS 6.1.3 ကို ရွေးချယ်ပေးလိုက်ပါ။

အဆင့် ၄)
iTunes မှ iOS 6.1.3 / 6.1.4 သို့  အလိုလျှောက် Restore လုပ်သွားပါလိမ့်မည်။ 



Apple က iOS 7 ကို Developer များ စမ်းသပ်အသုံးပြုနိုင်ရန် iOS 7 Beta (Developer version) အနေနဲ့  ထုတ်ပေးလိုက်ပါပြီ။

ပုံမှန်အားဖြင့် Develpoer version ကို update လုပ်ရန်အတွက် Apple Developer ID လိုအပ်တာကြောင့် သာမန် (End User) များရဲ့  iDevice များမှာ update မလုပ်နိုင်ပါဘူး။
ဒါပေမယ့် ယခုထွက်လာတဲ့ iOS 7 Beta 1 ကိုတော့ ခုချိန်ထိ သာမန် iDevice တွေမှာလည်း iOS 7 Beta 1 ကို Update လုပ်နိုင်တယ်လို့  သိရှိရပါတယ်...

ယခုကဲ့သို့  အခြား Device များတွင်ပါ update လုပ်နိုင်နေခြင်းရဲ့  အဖြေကို သေချာစွာ မသိရသေးသော်လည်း စမ်းသပ်မှုများအရ iPhone 5, 4S, 4 တို့ တွင် အောင်မြင်စွာ Update လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

iOS 7 Beta 1 ကို iDevice များ အားလုံးအတွက် ထုတ်ပေးထားခြင်းမဟုတ်ပဲ (iPhone 5, iPhone 4S, iPhone 4 နှင့် iPodTouch 5G) တို့  အတွက်သာ ရွေးချယ် ထုတ်ပေးထားပါတယ်။


    **iOS 7 Beta 1 ကို Update မလုပ်မီ သိထားသင့်သည့် အချက်များ**

  • Update လုပ်ရာတွင် iTunes ရှိ "UPDATE" ကိုသာနှိပ်ရန် (Restore button မဟုတ်ပါ)
  • Update လုပ်သော Device သည် iOS 6.1.3 (သို့ ) အရင် version များကို ပြီးမြောက်စွာ သွင်းထားခြင်း (Update လုပ်ရာတွင် error မရှိခဲ့ခြင်း)
  • iOS 7 Beta 1 ကို upadte လုပ်မည့် iDevice သည် "Activate" ဖြစ်ထားပြီးရပါမည်။
  • "Hacktivation" နှင့် activate လုပ်ထားသော Locked device များလက်ရှောင်ပါ...


iOS 7 Beta 1 ကို Update လုပ်ရန်

>> iOS 7 Beta 1 Download

အဆင့် ၁)
သက်ဆိုင်ရာ iPhone 5, 4S, 4 နှင့် PodTouch 5G တို့  အတွက် iOS 7 Beta 1 ကို download ဦးစွာရယူပါ။

အဆင့် ၂)
iDevice ကို iTunes နှင့် USB အသုံးပြု ချိပ်ဆက်ပါ။

အဆင့် ၃)
iTunes မှ iDevice ကို detect သိရှိပြီးပါက..
Keyboard မှ Windows တွင် (SHIFT Key) ၊ Mac တွင် (Option Key) နှင့်တွဲ၍ "UPDATE" button ကို နှိပ်ပြီး Download ရယူခဲ့သော iOS 7 Beta 1 ကို ရွေးချယ်ပေးလိုက်ပါ။



 

 
share from >>moethagyar.info

Jun 11, 2013

Dနေ့တော့ GSM modem နဲ့ ကွန်ပြူတာချိတ်ဆက်ပြီး အင်တာနက် အသုံးပြုပုံလေးကို အသေးစိတ်ရှင်းပြပေးပါမယ်။ မီးသီး လဲဖုန်းကအင်တာနက်ကို ကွန်ပြူတာမှာသုံးမလို့ဆိုပြီး မော်ဒန်းဝယ်ထားတာ  Setting ၀င်ပုံမသိတော့ ဒီတိုင်းလေးပဲအလှကြည့်နေရတယ်။ မနေ့ကမှ ကွန်ပြူတာဆိုင်သွားပြီး Setting ပြောင်းခိုင်း တော့မှပဲ သုံးလို့ရတော့တယ်။ ဒါပင်မဲ့ ဆိုင်ဆိုတဲ့ အတွက် အလကားတော့မရပါဘူး..နှစ်ထောင်ပေးလိုက်ရတယ်။ ကိုယ့်မသိတဲ့ဟာဆိုတော့လည်းပေးရတာတန်ပါတယ်။ အခုတော့လုပ်တက်သွားပါပြီ ကိုယ့်တက်တဲ့ဟာဆိုတော့လည်း ကိုယ့်ဘော်တာတွေကို တက်စေချင်လို့ပြန်လည်မျှဝေလိုက်ပါတယ်..သိပြီးသားသူတွေအတွက်ကတော့ ဘာမဟုတ်တဲ့ပညာလေးဆိုပင်မဲ့ မသိသေးတဲ့သူတွေအတွက်ကတော့ ရွှေပါပဲ..လေ့လာလိုက်ပါအုံး...

ပထမဆုံး မော်ဒန်းကို USB ပေါက်မှာထိုးလိုက်ပါ။ ခဏနေရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။ပြီးရင် Next ကိုနှိပ်ပါ



ပြီးရင် အောက်ကလိုမျိုး Installing လုပ်နေပါလိမ့်မယ်..ဘာမှမလုပ်ပဲထိုင်ကြည့်နေပါ


Installing ပြီးသွားရင်တော့ သင့် Desktop မှာအောက်ကလိုမျိုး icon လေးပေါ်နေပါမယ်..အဲ့ဒါလေးကိုdouble click ပေးလိုက်ပါ


ဒါဆိုရင်သင့်ကွန်ပြူတာမှာ ဒီဖုန်းကိုသုံးလို့ရပါပြီ ဖုန်းခေါ်တာတို့ မက်ဆေ့ပိုတာတို့ပေါ့..အင်းတာနက်တော့ မရသေးပါဘူး.


setting သင်ဖို့အတွက် စမ်းသက်တဲ့အနေနဲ့ connect ဆိုတာလေးကိုနှိပ်ကြည့်ပါ..connection error ဆိုရင်တော့ ကြိမ်းသေပေါက် setting ၀င်ရပါတော့မယ်။



အရေးကြီးတဲ့ လုပ်ငန်းစဉ်စပြီနော်...ပုံကအတိုင်း setting ဆိုတာကိုနှိပ်ပါ


profiles ကိုနှိပ်ပါ


new ကိုနှိပ်ပါ..


ပြီးရင်တော့ new profile မှာ ဖြည့်သင့်တာလေးတွေ ဖြည့်ကြပါဆို..



အောက်မှာပြထားတဲ့အတိုင်း နံပတ်(၁) နေရာမှာ MPTNET ဆိုတာကို စာလုံးအကြီးနဲ့ ရိုက်ပါ
                                           (၂) နေရာမှာ mptnet ကို အသေးနဲ့ပဲရိုက်ပါ (ကြားက phone number ကို ကိုဘာမှမပြောင်းပါနဲ့)
                                           (၃)နေရာမှာတော့ ကိုယ့်ကြိုက်တဲ့ password ပေးလို့ရပါတယ်..ဒါပင်မဲ့ mptnetလို့ဖြည့်တာပိုကောင်းပါတယ်..အဲ့တိုင်းပဲဖြည့်ပါ..
                                            (၄) မှာလဲ mptnet ပါပဲ..
                                            (၅)မှာတော့ CHAP ကိုရွေးပါ
                                            (၆) Dafault ကိုအမှန်ခြစ်ပါ
ပြီးရင်တော့ ok ပေါ့..


ဆေ့နှိပ်ပါ...ပြီးရင်ပိတ်လိုက်ပါ..ဒါဆိုရင်သုံးလိုရပါပြီ...အပေါ်မှာလုပ်ခဲ့သလိုမျိုး connect လုပ်ကြည့်ပါ connection error ဆိုပြီးပေါ်လာပါလိမ့်မယ်..မကြောက်ပါနဲ့ မီးသီးတို့လုပ်တာဘာမှမမှားပါဘူး..စက်ကို restart ချလိုက်ပါ ပြန်တက်လာရင်အဲ့လိုမျိုးမပေါ်တော့ကြောင်း အာမခံပါတယ်....ဒါဆိုရင်တော့ connect ကိုနှိပ်ပြီး သင့်ဖုန်းကကွန်နက်ရှင်ကို ကွန်ပြူတာမှာသုံးလို့ရပါပြီ...လွယ်တယ်မဟုတ်လား..လွယ်ပါတယ်..ဒါပင်မဲ့ နှစ်ထောင်တန်တယ်နော်..ေိေိ..

                          အိုင်တီမီးသီး

Sample Text









Blog Archive

Blogger Tricks

မင်းကိုအရမ်းချစ်နေမယ်

Contact Form

Name

Email *

Message *

Advertisement

a

Category 6

a

Sample Link List

a

Blog Roll

a

Blog Archive

Followers

ဗုဒ္ဓဘုရားရှင်အားဦးထိပ်လျှက်...





ဤဘလော့သည်အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်၏ အေးမြသောမေတ္တာရိပ်အောက်တွင်တည်ရှိပါသည်။

Popular Posts

Recent Posts




moetharlinlatt7@gmail.com သို့ဆက်သွယ်နိုင်ပါတယ်

Text Widget